Monday, November 24, 2014
Thursday, November 20, 2014
တက္ကသိုလ်ကျောင်းသူ ချစ်ညီမလေးသို့ (အနိုင်ရမဲ့ အရှုံး)
တက္ကသိုလ်ကျောင်းသူ ချစ်ညီမလေးသို့
(အနိုင်ရမဲ့ အရှုံး)
ညီမလေး
၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ဟာ နည်းပညာတက္ကသိုလ်ကျောင်းသားစုတစ်ရပ်လုံးရဲ့
သမိုင်းဝင်နေ့ တစ်နည်းအားဖြင့်ပြောရရင် ၀မ်းနည်းကြေကွဲဖွယ်ရာနေ့လို့
ဆိုရမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ နေ့ကထွက်တဲ့ နည်းပညာတက္ကသိုလ်များရဲ့ အောင်ဂေဇက်ဟာ
ကျရှုံးခန်းတွေနဲ့ ရေးဖွဲ့ထားလို့ပါပဲ။ တစ်နည်း အားဖြင့်ဆိုရင် မျက်ရည်စမ်းများကို တည်ဆောက်ထားလို့ပေါ့။
၂၀၁၄ရဲ့ အောင်ဂေဇက်ဟာ သိသိသာသာ ကျဆင်းသွားတယ်။
အဲဒီကျဆင်းသွားတဲ့ဂေဇက်စာရင်းမှာ ကိုယ့်ညီမလေးပါ ပါလာတော့ ကိုယ်လည်း များစွာ ၀မ်းနည်းမိတယ်ညီမလေး။
စာမေးပွဲကျလို့
စိတ်အား ငယ်နေ တဲ့ ညီမလေးအတွက်အရမ်းလည်းစိုးရိမ်မိသလို အရမ်းလည်းခံစားနေရ ကြေကွဲနေရ ၀မ်းနည်းနေရမယ်ဆိုတာ စာနာပြီး ကိုယ်တိုင်နေမထိထိုင်မသာဖြစ်ခဲ့ရတယ်။
စိတ်အား ငယ်နေ တဲ့ ညီမလေးအတွက်အရမ်းလည်းစိုးရိမ်မိသလို အရမ်းလည်းခံစားနေရ ကြေကွဲနေရ ၀မ်းနည်းနေရမယ်ဆိုတာ စာနာပြီး ကိုယ်တိုင်နေမထိထိုင်မသာဖြစ်ခဲ့ရတယ်။
တစ်ဆက်တည်းမှာပဲ စာမေးပွဲကျတဲ့အတွက် မှော်ဘီ
နည်းပညာတက္ကသိုလ် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ သင်တန်းက ဒုတိယနှစ် (2T) ကျောင်းသား
မောင်တင့်လွင်ဆိုသူဟာ နိုဝင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က သူရဲ့အိမ်မှာ ဆွဲကြိုး ချသေကြောင်းစီသွားသလို စစ်တွေ နည်းပညာတက္ကသိုလ်က
ဒုတိယနှစ် ကျောင်းသား မောင်ညီညီဇံဆိုသူကလည်း စာမေးပွဲကျလို့ နိုဝင်ဘာ ၁၇ ရက်ည ၇ နာရီအချိန်မှာ
ဘူးသီး တောင်မြို့နယ်၊ ကျိန်ကျောင်ကျေးရွာရှိ သူ့ရဲ့အိမ်မှာ ဆွဲကြိုးချသေကြောင်းကြံ
သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ ညီမလေးအတွက် ကိုအရမ်းစိုးရိမ်သွားတယ်။
ဒါကြောင့် မဖြစ်သင့်တာ မဖြစ်အောင် ညီမလေးဆီဖုန်းဆက်တယ်။ ဖုန်းဆက်မရလို့ Viberဖွင့်ကြည့်လိုက်တဲ့အချိန်မှာ
``ကို ညီမလေး ဘာလုပ်သင့်သလဲ၊ ညီမလေး လူ့လောကမှာ
Thursday, October 30, 2014
တံမြက်လှည်းသူ ကျိုးငါးဆူ
ကျောင်းဝယ် အိမ်ဝယ် အမှိုက်ကင်းဖို့
တံမြက်ရှင်းလို့ လှည်းကြမယ်။
တံမြက်လှည်းရင် လျှော့မတွက်နဲ့
တို့ရဲ့အတွက် ကောင်းကျိုးကြွယ်။
ကိုယ့်စိတ်မှာကွယ်
တို့ရဲ့အတွက် ကောင်းကျိုးကြွယ်။
ကိုယ့်စိတ်မှာကွယ်
ရင်နာစရာပေမယ့်လည်း… ………………………………………….
ဦးတင်မြ
ဆေးစစ်ခသုံးသောင်းကျပါတယ် ။ပြီးတော့ ဒီညနဲ့မနက်ဆေးသွင်းဖို့ ဆေးအဆင်သင့်ဝယ်ထားပါ အားလုံး
ငါးသောင်းလောက်တော့ ကုန်လိမ့်မယ်…။
မန္တလေးဆေးရုံကြီးရှိ
ဦးနှောက်နှင့်အာရုံကြောဆေးကုဌာနမှ တာဝန်ကျဆရာလေးတစ်ဦး အသံဖြစ်သည်။အသက်(၇၀) မျှရှိအရိုးပေါ်အရေတင်ပိန်ပိန်အဘိုးအိုကြီးတစ်ဦး
နှာခေါင်းပိုက်တန်းလန်းဖြင့် ကုတင်ပေါ်တွင်မလှုပ်မယက် မျက်းလုံးများ ကားအတွင်းသို့ခွက်ဝင်လျှက်
ပါးချောင်ရိုးကအထင်းသား အသက်ရှူလို့ဝဟန်မတူ ပါးစပ်ကအဟောင်းသား အသက် ၀ိညာဉ်ကင်းကွာနေသယောင်။
ကုတင်ဘေးတွင်ထိုင်နေသည်ကားသူ၏ဇနီးဒေါ်တင်မြ။ဦးတင်မြနှင့်
ညီမလေးအတွက် မွေးနေ့လက်ဆောင်
ညီမလေးရေ…
ဘာလိုလိုနဲ့ညီမလေးရဲ့
( )ပြည့်မွေးနေ့တောင် ရောက်လာပြီနော်…
မွေးနေ့မှာဘာလက်ဆောင်ပေးမှာလဲလို့
မေးတတ်တဲ့ ညီမလေးအတွက် ကိုက တန်ဖိုးဖြတ်မရတဲ့ဘ၀အတွက် အားတက်အောင် စကားလက်ဆောင် လေးတွေပေးဖို့စိတ်ကူးမိတယ်။
လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါပဲဆိုတာ ညီမလေးရဲ့မွေးနေ့တိုင်းမှာကိုပြောနေကြ
စကားလေးပါ။ မွေးဖွားလာခဲ့တဲ့ရက်ရှိသလိုသေဆုံးမဲ့ရက်ရှိတယ်ဆိုတာလည်း သတိထားပြီး ညီမလေးတို့
ကိုယ်တို့`အသေ မြတ်အောင်
Wednesday, October 29, 2014
သမာသမတ်
နောက်ဘက် မျက်နှာလှဲ့မထားဘူး
အင်အားရှိတဲ့ မျက်စိနဲ့
တည့်တည့်ကြည့်တယ်။
ပြီးတော့မှ...........
အမှားနဲ့
ရင်စူးမြား
အကြည့်လေးတွေ
အပြောလေးတွေ
အပြုံးလေးတွေ
စကားလုံးလေးတွေ
ရယ်သံလေးတွေက
ကာရံမပါ လင်္ကာမဖွဲ့ထားလည်းလှတယ်။
အမူအရာတွေ
စေတနာတွေ
အပြောလေးတွေ
အပြုံးလေးတွေ
စကားလုံးလေးတွေ
ရယ်သံလေးတွေက
ကာရံမပါ လင်္ကာမဖွဲ့ထားလည်းလှတယ်။
အမူအရာတွေ
စေတနာတွေ
Tuesday, July 1, 2014
လူသိ၊ သူသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား
စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
အတ္တမှောင်မှာလမ်းထစ်နေသည်
အတ္တကိုရှေ့တင်တဲ့အခါ
အမှန်တွေ တွယ်ရာမဲ့ကုန်တယ်
စောရတိမ်တွေ လိမ့်တက်လာတိုင်း
လူယဉ်ကျေးတွေ သွေးအားနည်းကုန်တယ်။
ဆာလောင်နေတဲ့မြစ်ဟာ
တစ်လွဲအယူ အတူမရဏ
ဘ၀ခန္ဓာ
ရခဲ့ပါမူ
ရောဂါခံစား
ဒုက္ခများနှင့်
ပညာရေးစို့ပိတ်ခံရခြင်း
ပလက်ဖောင်းပေါ်မှာပွင့်တဲ့
ပန်းကလေးများကိုကြည့်ပြီး
ကြည်နူးလို့မဆုံးခင်
ကျီးတစ်သိုက်ဝင်အုပ်သွားတယ်
ပန်းကလေးတွေကြေကုန်ပြီ။
ပလက်ဖောင်းပျိုးခင်းတွေက
Saturday, June 21, 2014
စာနာခြင်းဖြင့် အလှဆင်ပါ
မျှတစိတ်ထား
သနားကရုဏာ
စာနာတတ်စေ
ပေးဝေကူရင်း
Subscribe to:
Comments (Atom)

