Saturday, June 21, 2014

စာနာခြင်းဖြင့် အလှဆင်ပါ



မျှတစိတ်ထား
သနားကရုဏာ
စာနာတတ်စေ
ပေးဝေကူရင်း
ဘ၀ခြင်းမြှင့်
ဂုဏ်ရည်တင့်သူ ပရလူ။

ဘ၀ဟူသည်
နိမ့်ချီတစ်ခါ
သာချီတစ်လှည့်
ဓမ္မစက်မို့
နိုင့်ထက်စီးခြင်း
ဖိနှိပ်ခြင်နှင့်
ဂုဏ်မင်းဝင့်ခါ
မမြင့်ရာဘူး
တက်ရာမှကျ
မြင့်ရာမှနိမ့်
ဂွမ်းမီးထိန့်သို့
ဂုဏ်သိမ့်အာဏာ
ပါဝါစီးပွား
သမီးသားတို့
မှတ်သားသံယူ
ယနေ့သူဌေး
နောင်တံထွေးသို့
မနှေးဖြစ်ရာ ကံကြမ္မာတည်း။

ဘ၀နောင်ရေး
စိတ်ကောင်းမွေးခါ
ကျွေးတန်ရာကျွေး
ပိုတာပေး၍
အေးရာအေးကြောင်း
လူအပေါင်း၏
အကြောင်းကြမ္မာ
မြှင့်တင်ပါလျှင်
မှန်စွာမလွဲ
ချမ်းသာမြဲမည်
မစဲပရ လုပ်ဆောင်ကြ။

ပီတိ(ပေကြီး )၇.၆.၂၀၁၄
— with Zwemun Inwa and 49 others.

No comments:

Post a Comment