ညီမလေးရေ…
ဘာလိုလိုနဲ့ညီမလေးရဲ့
( )ပြည့်မွေးနေ့တောင် ရောက်လာပြီနော်…
မွေးနေ့မှာဘာလက်ဆောင်ပေးမှာလဲလို့
မေးတတ်တဲ့ ညီမလေးအတွက် ကိုက တန်ဖိုးဖြတ်မရတဲ့ဘ၀အတွက် အားတက်အောင် စကားလက်ဆောင် လေးတွေပေးဖို့စိတ်ကူးမိတယ်။
လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပါပဲဆိုတာ ညီမလေးရဲ့မွေးနေ့တိုင်းမှာကိုပြောနေကြ
စကားလေးပါ။ မွေးဖွားလာခဲ့တဲ့ရက်ရှိသလိုသေဆုံးမဲ့ရက်ရှိတယ်ဆိုတာလည်း သတိထားပြီး ညီမလေးတို့
ကိုယ်တို့`အသေ မြတ်အောင်
နေတတ်ဖို့ကြိုးစားရလိမ့်မယ်´ လက်ရှိ ရှိနေတဲ့အချိန်လောက် သေချာတာဘာမှမရှိဘူးညီမလေး
ဘယ်အသက်အရွယ် ဘယ်အချိန်အခါမှာ ကိုယ်တို့သေရမယ်ဆိုတာလည်းသေသေချာချာရေရာအောင်မသိရ ဘူး။``သေချာတာတစ်ခုက
သေမှာ´´ဆိုတာပဲလေ။
ဒီတော့ကိုယ်တို့တွေက ``အသေမနာအောင် အသာမနေဖို့လိုတယ်´´
ဟိုဟာလုပ်ရမှာပျင်း ဒီဟာ လုပ်ရမှာပျင်းနဲ့သက်သက်သာသာ အချောင်ခိုလို့ ရခိုလိုက်မယ်ဟဲ့ဆိုတဲ့စိတ်နဲ့
အသာနေရင်တော့ ကိုတို့တွေ ဟာအသေတွေနာကြတော့မယ်။
ကုသိုလ်၊ပညာ၊ ဥစ္စာရဖို့တစ်ခုမဟုတ်တစ်ခု လုပ်နေမှအသေမြတ်ကြသူတွေတစ်နည်းပြောရရင်
လူဖြစ် ကျိုးနပ်ကြသူတွေဖြစ်ကြမှာ။အလုပ် လုပ်တဲ့နေရာမှာအလည်းအသေမနာအောင်အသာမနေဘူးကွ
ဆိုပြီးတွေ့ ကရာဒုန်းဆိုင်း အုန်းဒိုင်း မလုပ်သင့်ဘူး။ လုပ်မိတဲ့အလုပ်ဟာအကျိုးရှိ မှန်ကန်တဲ့အလုပ်ဖြစ်ဖို့
ကလည်းအရေးကြီးတယ်။ ညီမလေးတို့လို ငယ်ရွယ်သူတွေဆိုတာက အလုပ်လုပ်ရင်ပြီးရော မှန်မှန်မှားမှားဂရုမ
စိုက်တတ်ကြဘူး။ လုပ်မိတဲ့အလုပ်ဟာ မှန်ကန်တဲ့အလုပ်ဆိုတော်ပါသေးရဲ့ မှားနေရင်တော့ဘ၀အတွက်အချိန်
တွေအကျိုးမဲ့ဖြစ်စေသလို အလုပ်ကပေးတဲ့ဆိုးကျိုးတွေလည်းခံရလိမ့်မယ်။
ကုသိုလ်အကုသိုလ် အဆိုးနဲ့အကောင်း၊အကျိုးရှိ
အကျိုးမဲ့ဆိုတာက ချိန်ခွင်လေးလိုပါပဲ။ တစ်ဘက်ခြင်း ဆီမှာနေရာယူပြီးသူသာ ကိုယ်သာ အားပြိုင်ကြတယ်၊
အလယ်မှာ ရှိနေတဲ့လျှာလေးက ဟိုဘက်ယိမ်း လိုက်ဒီဘက်ယိမ်းလိုက် အလယ်မှာတည့်မတ်နေလိုက်နဲ့
ဗျာများနေသေးရင် ဒီအချိန်ဟာအရေးအကြီးဆုံးအချိန် ။
ဆိုးတဲ့ဘက်ကိုလုံးဝငိုက်ကျမသွားအောင် ထိန်းကွပ်စုစည်းပြီးကောင်းတဲ့ဘက်ကို
လျှာကငိုက်ကျလာ အောင်အားသွန်ခွန်စိုက် လုံ့လ ၀ီရိယ ရှိရှိကြိုးစားရလိမ့်မယ်ညီမလေး။
လူဆိုတာကောင်းမှုထက် မကောင်းမှု ဘက်မှာအားသာကြတယ်။ တရားတစ်ပိုဒ်နေ့တိုင်းရွတ်ဖို့ထက်
သီချင်းဆယ်ပုဒ်နေ့တိုင်းဆိုပြလိုက်ချင်ကြတယ်။ နေမကောင်းဖြစ်လို့ လိုအပ်တဲ့ဆေးတစ်ခွက်သောက်ဖို့ထက်၊
နေကောင်းနေပါလျှက်မလိုအပ်တဲ့မူးယစ်ဆေးဝါး တွေကိုသောက်ဖို့အားသာကြတယ်။ငယ်ရွယ်သူလေးတွေအင်တာနက်မှာ
နည်းပညာတွေသင်ယူ စာဖတ် စာ ရေးဖို့ထက် ချက်တင်ဘက်ကို အားသာနေကြတယ်။ စိတ်ကအပျော်ကိုမက်မောနေရင်
အပျက်ဘက်ရောက် သွားတတ်တယ်။
ဒီလိုပဲအကောင်းနဲ့အဆိုးယှဉ်လိုက်တိုင်း အကောင်းတဲ့ဘက်
အားသာနေကြတာ ဓမ္မတာဖြစ်နေတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ အများသဘောတူဤကိုကျွဲ လုပ်လို့မရတော့ဘူး။
အများခွေးဖြစ်ရင် ကိုယ်လည်းခွေး ဖြစ်လိမ့်မယ်။ မကောင်းမှုတွေလွှမ်းမိုးလာရင် ကောင်းမှုတွေ
တိမ်ကောပြီး ကိုယ်တို့ကမ္ဘာမြေကြီး မငြိမ်းမချမ်းအ မြဲဖြစ်နေလိမ့်မယ်။
ကိုယ်ကဒီလိုပြောလို့`ညီမလေးတို့လို နုနုနယ်နယ်အရွယ်
လေးတွေနဲ့ ဒါတွေမဆိုင်သေးပါဘူးအစ်ကို ရာစိုးရိမ်မလွန်ပါနဲ့ အေးဆေးနေလို့ရတဲ့အရွယ်ပါ´လို့
ညီမလေးက ပြောချင်ပြောလိမ့်မယ်။ အဲလိုမဟုတ်ဘူးညီ မလေး လူမှန်းသိတဲ့ အရွယ်ကတည်းက လူမှုရေး၊ဘာသာရေး၊ပညာရေး၊နိုင်ငံရေး
ဆိုတာတွေနဲ့ဆက်နွယ်ပတ် သက်နေတယ်ဆိုတာ သိထားပြီး သတိ ၀ီရိယရှိရှိနေဖို့ လိုတယ်။ ကိုယ်မကောင်းမှုမလုပ်ပေမယ့်
ကိုယ့်ပတ်ဝန်း ကျင် ကလုပ်နေရင် အန္တရာယ်က ကိုယ့်အပေါ်အချိန်မရွေးကျရောက်နိုင်တယ်။ ဒါကြောင့်သတိမူကြိုတင်ကာ
ကွယ်ထားသင့်တယ်။
ဒီနေရာမှာညီမလေးထင်သာမြင်သာရှိအောင် ကိုပုံပြင်လေး
တစ်ပုဒ်လက်ဆောင်အဖြစ်ပြောပြပေးမယ်။
တစ်ခါက တောကျေးလက်တစ်ခုက အိမ်တစ်အိမ်မှာကြွက်တွေအလွန်သောင်းကြမ်းဆိုးရွားသတဲ့။
ကြွက်တွေက ဟိုဟာဖျက်စီး ဒီဟာဖျက်စီး ဆိုတော့အိမ်ရှင်အဘိုးကြီးက ဒေါထပြီး စပါးကျည်အောက်မှာ
ကြွက် ထောင်ချောက်ဆင်ထားလိုက်တယ်။
ဒါကိုမြင်သိတဲ့ နွားကြီးက တစ်အိမ်ထဲနေသူငယ်ချင်းကြွက်အတွက်စိုးရိမ်ပြီး``အသင်ကြွက်
သတိဝီရိ ယနဲ့နေပါ၊ အိမ်ရှင်ကသင့်ကိုထောင်ချောက်ဆင်ထားတယ်´´လို့သတိပေးတော့ ကြွက်ကလည်း
``ကျွနိုပ်သိပါ တယ်အဆွေ၊ ခုလိုသတိပေးတာကျေးဇူးတင်ပါတယ်၊ကျွနိုပ်ကိုကြီးလည်းသတိပေးမနေနဲ့ဦးအဆွေတို့လည်း
သ တိထားပြီးနေစေချင်ပါတယ်´´လို့ပြန်သတိပေးတဲ့အခါ နွားကြီးက ``ကျွနိုပ်က အနေသာကြီးပါ
စပါးကျည် အောက်က ကြွက်ထောင်တာ ကျွနိုပ်ကို မိဖို့အကြောင်းမရှိပါဘူး၊ သိပ်တော့မဆိုင်လှပါဘူး
အဆွေသာသတိနဲ့ နေပါ´´လို့ပြောပြီးပေါ့ပေါ့တန်တန်နေခဲ့တယ်။
နွားကြီးလိုပါပဲတစ်အိမ်ထဲသားတွေဖြစ်တဲ့ ကြက်ဖကြီးတို့
၊ ၀က်ကြီးတို့ကလည်း သူငယ်ချင်းကြွက်အ တွက်စိုးရိမ်ပြီး သတိလာပေးကြတဲ့အခါ ကြွက်ကသင်တို့လည်းသတိထားဖို့ပြန်မှာတော့
ဝက်ကြီးက ``ကျုပ်က ရွံ့ညွှန်ထဲ လူးပြီးသခင်ကျွေးတဲ့အစာစားခြံထဲမှာ အိပ်ရတာကြွက်ထောင်တဲ့ထောင်ချောက်နဲ့ဘယ်လိုမှမပတ်
သက်ပါဘူး အနေသာကြီးပါ´´လို့ပြောသလို
ကြက်ဖကြီးကလည်း ``အို ကျွနိုပ်ကပို ဝေးတာပေါ့ အခြားနေရာတွေမှာအစာရှာစားပြီးတန်းပေါ်မှာ
အိပ်တာဒီထောင်ချောက်ကြောင့်အန္တရာယ်တစ်စုံတစ်ခု ကျရောက်နိုင်ဖို့မရှိပါဘူး´´လို့ပြောပြီးဖာသာနေမြဲတိုင်း
သတိကင်းမဲ့စွာ နေပြန်ပါတယ်။
ထောင်ထားတဲ့ထောင်ချောက်ဟာ မိမဲ့မိတော့လည်း
ကြွက်၊နွား၊ကြက်၊၀က် တစ်ကောင်မှမမိဘဲ မဆီမ ဆိုင်ရောက်လာတဲ့ မြွေဟောက်တစ်ကောင်ကိုမိပါရောတဲ့။
မြွေဟောက်ရဲ့ခါးပိုင်းမှာမိနေတော့ရုန်းတဲ့အခါ အသံကြားရပြီး အိမ်ရှင်အဘိုးကြီးက ကြွက်တော့မိနေပြီအထင်နဲ့အပြေးအလွှားထောင်ချောက်ကိုသွားကိုင်လိုက်
တဲ့အခါ စိတ်တိုဒေါထနေတဲ့မြွေဟောက်ရဲ့ကိုက်ချက်ကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်။
အဘိုးကြီးသေပြီးဆိုတော့ ထုံးစံအထိုင်းကျန်ခဲ့သူတွေကသက်ပျောက်ဆွမ်းကပ်ဖို့
ဟင်းမရှိတာနဲ့ အိမ် ကကြက်ဖကြီးကိုရိုက်သတ်ချက်ကပ်လိုက်ရာ ဘာမှမဆိုင်တဲ့ကြက်ဖကြီးသေပါလေရော။
နောက်သဂြိုလ်တဲ့ရက်မှာ ကျွေးမွေးဖို့နွားကြီးကိုသတ်အသားကိုရောင်းချ
ချက်ပြုတ်ကျွေးမွေးလိုက်ပြန် ရာ မဆိုင်တဲ့နွားကြီးလည်းသေပါလေရော။
ရက်လည်တဲ့နေ့မှာလည်း ကျွေးမွေးဖို့ဘာမှမရှိတော့
ကျန်နေတဲ့ဝက်ကြီးကိုဟင်းပေါ် ရောင်းချကျွေး မွေးလိုက်ပြန်ရာ မဆိုင်တဲ့ဝက်ကြီးလည်းသေပါလေရောတဲ့။
ပုံပြင်လေးကတော့ဒါပါပဲညီမလေး``သူ့သမီးယောကျားယူတာ
ငါနဲ့ဘာဆိုင်လဲ´´တော့လုပ်လို့မ ရဘူး မဆိုင်တဲ့အဆုံးမင်္ဂလာလက်ဖွဲ့ဖို့တော့လိုလိမ့်မယ်။ဒီပုံပြင်လေးမှာကြည့်လေ
တကယ်ဆို ကြွက်ထောင် ချောက်နဲ့ ကြက်၊၀က်၊နွား တို့ဟာဘာမှမဆိုင်သလို ထင်ရပေမယ့် ၊နောက်ဆုံး အိမ်ရှင်အဘိုးကြီးနဲ့မြွေပွေးတို့
ထိတောင် ဆိုင်သွားတာလေ တကယ်မှတ်သားထားဖို့ကောင်းတယ်။
ကိုယ်မဟုတ်တာမလုပ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကမဟုတ်တာလုပ်သူတွေရှိနေရင်
ကိုယ်ပါခံရနိုင် တယ်။ကိုယ့်ဘေးကအိမ်မီးလောင်တာ ကိုယ့်အိမ်မှမဟုတ်တာဆိုပြီး ဒီတိုင်းနေရင်
ကိုယ့်အိမ်ပါ မီးကူးလာလိမ့် မယ်။
အနှစ်ချုပ်ကတော့ညီမလေးရေ
နိုင်ငံမှာဖြစ်နေတဲ့ တိုက်ပွဲတွေ ဘာသာရေး၊လူမှုရေး၊စီးပွားရေး၊ကျန်းမာ ရေး၊ ပညာရေး၊နိုင်ငံရေး
အရေးပေါင်းများစွာရဲ့အရှုပ်အရှင်းတွေဟာ ငါတို့လိုငယ်ရွယ်သူတွေနဲ့ဘာမှမဆိုင်ဘူး လို့မနေလေနဲ့
။ဒီနိုင်ငံမှာနေသမျှ နိုင်ငံရဲ့ပြဿနာအရာရာတိုင်းဟာ ကိုယ်နဲ့ဆက်နါယ်နေသလို အချိန်မရွေးအ
န္တရာယ်လည်းကျရောက်နိုင်သလို အချိန်မရွေး အဆင်ပြေမှုတွေလည်းရစေနိုင်တယ်ဆိုတာ သတိမှုပြင်ဆင်ပြီး
ဘ၀ကိုအကောင်းဆုံး ဖြစ်အောင်တည်ဆောက်နိုင်ပါစေ လို့ မွေးနေ့လက်ဆောင် အသိပေးစကားစုလေး
ပေး လိုက်ပါတယ်။ ညီမလေးဘ၀သာယာပျော်ရွှင်နိုင်ပါစေ….
``မွေးနေ့ဆိုတာ သေမဲ့နေ့ရဲ့ အာရုဏ်ဦး´´
``ချောင်တဲ့နေရာမှာနေရင် ဘ၀အောင်မြင်မှုတွေ
ဆုတ်ယုတ်တယ်´´
ချစ်ခင်လျှက်…..
ညီမလေးရဲ့အစ်ကို
ပီတိ(ပေကြီး)
No comments:
Post a Comment