Thursday, October 30, 2014

တံမြက်လှည်းသူ ကျိုးငါးဆူ


ကျောင်းဝယ် အိမ်ဝယ် အမှိုက်ကင်းဖို့
တံမြက်ရှင်းလို့ လှည်းကြမယ်။
တံမြက်လှည်းရင် လျှော့မတွက်နဲ့
တို့ရဲ့အတွက် ကောင်းကျိုးကြွယ်။
ကိုယ့်စိတ်မှာကွယ်
ကြည်လင်ကဲသလို
သူ့စိတ်လည်းပဲ ကြည်လင်တယ်။
နတ်တို့လေးစား လူချစ်များကာ
ကောင်းစွာသတင်း သင်းပျံ့မယ်။
ကောင်းကျိုးလွန်မြောက် နတ်ပြည်ရောက်
ဖြိုးမောက်တန်ခိုးထယ်။
တံမြက်ကွယ် လှည်းမယ်
လှည်းကွယ်....လှည်းကွယ်။
ပီတိ(ပေကြီး)
၂၃.၁၀.၂၀၁၄ နံက် ၁၁း၀၀

No comments:

Post a Comment