Tuesday, July 1, 2014

တစ်လွဲအယူ အတူမရဏ




ဘ၀ခန္ဓာ
ရခဲ့ပါမူ
ရောဂါခံစား
ဒုက္ခများနှင့်


စိတ်များသောက
ရောက်ကြရ၏။

မလွဲဖောက်ပြန်
ရုပ်သဏ္ဍာန်ကား
မြဲမြန်ဆွဲကိုက်
စက္ကန့်ခိုက်ပင်
မငိုက်နှင်၍
တွင်တွင်ဘာသာ
မခွဲပါပဲ
မှန်စွာကွဲပြား
လူမျိုးများကို
ခွစားပြင်းထန်
တစ်လမ်းဆန်၏။

သြော်
မမြဲအနိစ္စ
ဒုက္ခ အနတ္တာ
တို့ခန္ဓာသည်
ခုခါလမ်းကြောင်း
မတူရှောင်းလည်း
မနှောင်းနောင်ခံ
သေမင်းထံဝယ်
အမှန်မလွဲ
စုကာဆဲမည်
အစွဲအတ္တ ရှောင်ကြဉ်ကြ။

ပီတိ(ပေကြီး)၃၀.၆.၂၀၁၄pm8း58
ဖျားနေခိုက်အမှတ်တရ
ရေးဖွဲ့သည်။

No comments:

Post a Comment