Wednesday, October 29, 2014

ရင်စူးမြား

အကြည့်လေးတွေ
အပြောလေးတွေ
အပြုံးလေးတွေ
စကားလုံးလေးတွေ
ရယ်သံလေးတွေက
ကာရံမပါ လင်္ကာမဖွဲ့ထားလည်းလှတယ်။

အမူအရာတွေ
စေတနာတွေ

နားလည်မှုတွေက
သူ့မျက်ဝန်းများမှတဆင့်
ပန်းတို့ပွင့်စေတယ်။

္ဏဣနြေ္ဒတွေငုံသောက်ထားတဲ့စိတ်တို့က
နှုတ်တွေဆိတ်လို့
ရင်စူးမြားလေးတစ်စင်း
နှလုံးသားထဲသွင်းစိုက်နေတယ်
ဝေမယ်ဆိုလည်းဝေ
သေမယ်ဆိုလည်း
သခင့်ပန်းခင်းလေးထဲ
သေခွင့်ပြုပါသခင်။

             မောင်မဲကောင်
           29.10.2014

No comments:

Post a Comment