Wednesday, October 29, 2014

သမာသမတ်





နောက်ဘက် မျက်နှာလှဲ့မထားဘူး
အင်အားရှိတဲ့ မျက်စိနဲ့
တည့်တည့်ကြည့်တယ်။
ပြီးတော့မှ...........

အမှားနဲ့
အမှန်ကို
စကား အသံ
ဓား လှံ လက်နက်တွေကြားမှ
ကယ်ထုတ်သွားလေရဲ့။

အရှင်စန္ဒကုမာရ(ရွှေတြိဂံ)
၃၀-၀၆-၂၀၁၃(တနင်္ဂနွေ)

No comments:

Post a Comment